နေပြည်တော်ကောင်စီနယ်မြေ

ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် သင်တန်းသားများနှင့် ရပ်ကျေးကော်မတီဝင်များအား မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် သင်တန်းသားများနှင့် ရပ်ကျေးကော်မတီဝင်များအား မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် မိသားစုကိုယ်ပိုင် မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအားဖိတ်ခေါ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများတွင် ကျန်းမာရေးပညာပေးခြင်းများ ဆက်လက် ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူအကျိုးပြု လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်း ပေးအပ်ထောက်ပံ့ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း လမ်းများပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှုကြောင့် သဲ၊ နုန်းများ၊ အမှိုက်များ ရှင်းလင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ဘောဂသီရိယာဉ်ရပ်နားစခန်းအနီး ရန်ကုန်-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လမ်းသားများ ပေါက်ပြဲနေမှု၊ ပျဉ်းမနားမြို့ရှောင်လမ်း မိုင်တိုင် အမှတ်(၂၁၁/၄ နှင့် ၂၁၁/၅) ကြား လမ်းပေါက်ပြဲနေမှုများကို ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လမ်းများ ရေရှည်ကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ပြည်ထောင်စုနယ်မြေအတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုခံရသော သီးနှံများအား ပြန်လည်ကုစားရန် အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုခံစားခဲ့ရသော သီးနှံစိုက်ခင်းများ ပြန်လည်ကုစားရန် လိုအပ်သည့် နည်းစနစ်များ၊ ပြန်လည်စိုက်ပျိုးမည့် သီးနှံများအတွက် ပျက်စီးသွားသော မြေဆီလွှာများအား ပြန်လည်ပြုပြင်‌ရေးနည်းလမ်းများ၊ ကြုံတွေ့နိုင်သော ဖြုတ်ညိုပိုး၊ ငမြှောင်တောင်ပိုးနှင့် ဘက်တီးရီးယားရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းနည်းလမ်းများအား သိရှိဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပေးဆွေးနွေးပွဲများအား ယမန်နေ့တွင် ပျဉ်းမနားမြို့နယ်ရှိ နတ်သူရဲကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ ပိတောက်ချောင်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ရေကြီးရေလျှံမှုကြောင့် စာသင်ခန်းများအတွင်း တင်ကျန်ခဲ့သည့် ရွှံ့ ၊ နွံ များဖယ်ရှား၍ သန့်ရှင်းရေးပြုလုပ်နေခြင်းများ ကွင်းဆင်းကြည့်ရှု

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၁)ရဲဗိုလ်ချုပ်တင်ကိုကိုသည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း မိုးများအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံပြီး ရေများကျသွားချိန်တွင် စာသင်ကျောင်းဝန်းနှင့် စာသင်ခန်းများအတွင်း တင်ကျန်ခဲ့သော ရွှံ့၊ နွံ များကို ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းတွင် သန့်ရှင်းရေးပြုလုပ်နေခြင်းအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့်ပျက်စီးခဲ့သော ကျေးရွာချင်းဆက်လမ်းများ၊ ယာယီပိတ်ထားသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် MSME အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်အတူ တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျချောင်းရေများ၍ နဝင်းချောင်းရေလျှံမှုဖြစ်ပွားခဲ့ပြီး ပျက်စီးခဲ့သော ကျေးရွာချင်းဆက်လမ်းများ၊ ယာယီပိတ်ထားသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးပြုလုပ်နေမှု အခြေအနေများအား ၂၄ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်‌လျော့ပါးရေးနှင့် ပြန်လည်ထူထာင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းသဘာဝဘေးအန္တရာယ်‌ လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်‌နေ့ ညပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ခေတ္တအမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ပုဗ္ဗသီရိမြို့နယ်၌ တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် မိုးစပါး ၅၃၉၅ ဧက ရေနစ်မြုပ်ခံခဲ့ရမှု ဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး၊ ဆင်သေချောင်းမှ ရေကြီးရေလျှံမှုများဖြစ်ခဲ့ရာ မိုးစပါး ၅၃၉၅ ဧက ရေနစ်မြုပ်ခံခဲ့ရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ