နေပြည်တော်ကောင်စီနယ်မြေ

လယ်ဝေးမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများတွင် အထူးကုဆရာဝန်ကြီးများက နယ်လှည့်ကွင်းဆင်းကုသပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၁၈၀)ဦးခန့် တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကို ယမန်​နေ့နံနက် ၁၁ နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဥတ္တရခရိုင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မော်လီဝင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်​ရောက်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုခံရသော သီးနှံများအား ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း တိုင်ဖုန်းမုန်တိုင်း “ရာဂီ” မုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသော သီးနှံစိုက်ခင်းများအား အထွက်နှုန်း ထိခိုက်မှု လျော့နည်းသက်သာစေရန်အတွက် ပြန်လည်ကုစား‌ရန်လိုအပ်သည့် နည်းစနစ်များနှင့် ပြန်လည်စိုက်ပျိုးမည့် သီးနှံများအတွက် ပျက်စီးသွားသော မြေဆီလွှာများအား ပြန်လည်ပြုပြင်‌ရေးနည်းလမ်းများ၊ ကြုံတွေ့နိုင်သော ဖျက်ပိုးများကြောင့် သီးနှံစိုက်တောင်သူများ သီးနှံပျက်စီးဆုံးရှုံးမှုမရှိစေရေး နည်းပညာပေးဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်‌ လျော့ပါးရေးနှင့်ပြန်လည်ထူထာင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်‌လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်များ၊ ကာယပညာနှင့် အားကစားအခြေခံနည်းပြ/ ဒိုင်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်သင်ကြား

ပညာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပညာရေးဒီဂရီကောလိပ်များ၊ ကာယပညာနှင့် အားကစားအခြေခံနည်းပြ/ ဒိုင်သင်တန်းအမှတ်စဥ် (၁/၂၀၂၄) ကို စက်တင်ဘာ ၁၆ ရက်မှစ၍ လယ်ဝေးမြို့အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ် (၂)တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

တပ်ကုန်းမြို့၌ အထူးကုဆရာဝန်ကြီးအဖွဲ့ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံမှ အထွေထွေရောဂါကုသမားတော် ဒေါက်တာစိုးနောင်နောင် ဦးဆောင်၍ တပ်ကုန်း ကုတင် ၁၀၀ ပြည်သူ့ဆေးရုံးအုပ် ဒေါက်တာအုပ်စိုးလင်း၊ ကလေးရောဂါအထူးကုဆေးရုံကြီးမှ ကလေးအထူးကု ဒေါက်တာအောင်ကိုကိုမျိုးနှင့် အရိုးရောဂါ၊ စိတ်ရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်များနှင့်သူနာပြုများ ယမန်နေ့နံနက်ပိုင်းက ငွေတောင် တောရပရိယတ္တိစာသင်တိုက်၊  ဦးရှောင်ဟိုးဗိမာန်တော်ကြီးတွင် ရဟန်၊ သံဃာများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ