နေပြည်တော်ကောင်စီနယ်မြေ

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် “အိမ်အပြန်မွေးနေ့လက်ဆောင်နှင့် အတွေးသစ်ဆောင်းပါးများ စုစည်းမှု” စာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ပစ္စည်း(၁၆)မျိုးပါ ကယ်ဆေးရေးပုံးများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်ကောင်စီဝင်ဦးမင်းဦးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မျောပါသွားသည့်နေအိမ်(၁၉၄)လုံးနှင့် တစ်စိတ်တစ်ပိုင်းမျောပါ ပျက်စီးသွားသည့် နေအိမ်(၂၉၇)လုံးအတွက် ပစ္စည်း(၁၆)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံးများနှင့် ထောက်ပံ့ငွေများကို ပုဗ္ဗသီရိမြို့နယ်၊ ဝက်ကုန်းကျေးရွာအောင်မေတ္တာကျောင်းတိုက်နှင့် သရက်သမိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တို့၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီ ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ရာဂိမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပွားခဲ့သည့် အမှိုက်၊ သစ်တိုသစ်စများ ဖယ်ရှားသန့်ရှင်းရေးဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး၊ ပျက်စီးသွားခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းများ အသစ်ပြန်လည်ပေးအပ်

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေ၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက နောင်ခမ်းကျေးရွာတွင် ချမ်းမြေ့ရိပ်သာပရဟိတအဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းပြီး ရေဘေးသင့် အိမ်ဝိုင်းခြံများ၊ လမ်းများအတွင်းရှိ အမှိုက်၊ ရွှံ့နွံနှင့် သစ်တိုသစ်စများ ဖယ်ရှားသန့်ရှင်းရေးဆောင်ရွက်မှုအား ကြည့်ရှုအားပေး၍ ရွှေဖီဦးလက်ဖက်ရည်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် ဦးဟန်သူ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံဖြစ်ပွားရာမှ ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

လယ်ဝေးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ရပ်ကွက်နှင့်ကျေးရွာများတွင် ကောက်ယူလျက်ရှိသည်။​

လယ်ဝေးမြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သည့် သီးနှံစိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စပါးမျိုးစေ့များထောက်ပံ့ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီး သီးနှံစိုက်ဧကများအား အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက အင်ပင်ကျေးရွာအုပ်စု၊ ညောင်ပင်အိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် ပြည်ထောင်စုယ်မြေ၊ နေပြည်တော်၊ မြို့နယ် ၈ မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် ၈ မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့မှုများပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက တပ်ကုန်းမြို့နယ်အတွင်းရှိ အုန်းပင်ကျေးရွာနှင့် တောင်ပို့သာကျေးရွာသို့ ဆက်သွယ်ထားသည့် လယ်ငယ်ချောင်းကူး တံတားရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပေ ၁၂၀ သံဘောင်ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ တောင်ပို့သာကျေးရွာနှင့် သကြားဟင်းအိုးကျေးရွာတို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းအား ညောင်ကိုင်းချောင်း ရေတိုက်စားခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပျက်စီးသွားခဲ့သည့် တံတားနှင့် ကျေးရွာချင်းဆက်လမ်းအား ရေရှည်ခိုင်ခန့်စေရေး တွက်ချက်ပြီး အမြန်ဆောင်ရွက်စေလိုကြောင်း၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး၊ လက်ရှိပြည်သူများ သွားလာမှုအဆင်ပြေစေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ