နေပြည်တော်ကောင်စီဝင်ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ပစ္စည်း(၁၆)မျိုးပါ ကယ်ဆေးရေးပုံးများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ပုဗ္ဗသီရိ အောက်တိုဘာ ၁၁

နေပြည်တော်ကောင်စီဝင်ဦးမင်းဦးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မျောပါသွားသည့်နေအိမ်(၁၉၄)လုံးနှင့် တစ်စိတ်တစ်ပိုင်းမျောပါ ပျက်စီးသွားသည့် နေအိမ်(၂၉၇)လုံးအတွက် ပစ္စည်း(၁၆)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံးများနှင့် ထောက်ပံ့ငွေများကို ပုဗ္ဗသီရိမြို့နယ်၊ ဝက်ကုန်းကျေးရွာအောင်မေတ္တာကျောင်းတိုက်နှင့် သရက်သမိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တို့၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်တိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဦးမျိုးဇော်ထွန်းနှင့်ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် စက်တင်ဘာလအတွင်းက မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ပေါက်တောကျေးရွာ၊ ဝက်ကုန်းကျေးရွာ၊ အေးမြင့်သာယာကျေးရွာ၊ ငါးစိမ်းအင်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ သရက်သမိန်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာများရှိ ရေမျောပါသွားသည့် နေအိမ်များ(၁၉၄)လုံးနှင့် တစ်စိတ်တစ်ပိုင်း မျောပါသွားသည့် နေအိမ်(၂၉၇)လုံးတို့အတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ရေမျောပါသွားသည့် နေအိမ်(၁၉၄)လုံးအတွက် နေအိမ်တစ်လုံးလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ်(၁၉၄)သိန်းကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းမျောပါသွားသည့် နေအိမ်(၂၉၇)လုံးအတွက် နေအိမ်တစ်လုံးလျှင် ၅ သောင်းနှုန်းဖြင့် ငွေကျပ်(၁၄၈၅၀၀၀၀/-)ကိုလည်းကောင်း ပစ္စည်း(၁၆)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံးများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။       

သန်းသန်းနွယ်(ပုဗ္ဗ)