တပ်ကုန်း အောက်တိုဘာ ၁၁
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေ၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက နောင်ခမ်းကျေးရွာတွင် ချမ်းမြေ့ရိပ်သာပရဟိတအဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းပြီး ရေဘေးသင့် အိမ်ဝိုင်းခြံများ၊ လမ်းများအတွင်းရှိ အမှိုက်၊ ရွှံ့နွံနှင့် သစ်တိုသစ်စများ ဖယ်ရှားသန့်ရှင်းရေးဆောင်ရွက်မှုအား ကြည့်ရှုအားပေး၍ ရွှေဖီဦးလက်ဖက်ရည်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေနှင့် တာဝန်ရှိသူများ ရှောက်ကုန်းကျေးရွာ၊ မဟာအောင်မြေဘုန်းကြီးကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိစာရိန္ဒအား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများအပြင် ကျေးရွာလမ်းများအား အရင်ဦးဆုံး စက်ယန္တရားများဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေဝင်ရောက်ခံခဲ့ရသည့် ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေး နှောင့်နှေးကြံ့ကြာမှုမဖြစ်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍများကိုလည်း စိုက်ပျိုးစီးပွားအသိပညာပေး(KC)ခန်းမများတွင် ပညာပေးဆွေးနွေးခြင်း စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် လက်ပံကုန်းကျေးရွာတွင် ရေဘေးကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စု ၈၅ အိမ်အတွက် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆)/၆ အသစ်များ ပြန်လည်ပေးအပ်၍လည်းကောင်း၊ သရက်အုပ်ကျေးရွာတွင် ရေဘေးကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စု ၈၁ အိမ်အတွက် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆)/၆ အသစ်များပြန်လည်ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေနှင့် တာဝန်ရှိသူများ မြဝတီရပ်ကွက်၊ ချမ်းမြေ့မေတ္တာ သီလရှင်ကျောင်းတိုက်၊ မြဝတီရပ်ကွက်တွင် ရေဘေးကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စု ၁၀၄ အိမ်အတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆)/၆ အသစ်များ ပြန်လည်ပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည် ထုတ်ပေးမည့်အစီအစဉ်နှင့် အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေနှင့် တာဝန်ရှိသူများ ဘုရင့်နောင်ရပ်ကွက်(ပိန်းတော)တွင် အုပ်ချုပ်သူ ဒုရဲမှူးသန်းမြင့်ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၀၀ ဦးဖြင့် လမ်းများနှင့် လမ်းဘေးဝဲ/ယာ နေအိမ်ခြံဝန်းများအတွင်း ရွံ့နွံများ၊ အမှိုက်သရိုက်များ၊ သစ်တိုသစ်စများ ရှင်းလင်းဖယ်ရှားပေးနေမှုအား ကြည့်ရှုအားပေးပြီး ရွှေဖီဦးလက်ဖက်ရည်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အဆုံ(ဇီးကုန်း)ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရေဘေးကြောင့်ပျက်စီးခဲ့သည့် အိမ်ထောင်စု ၁၈၄ အိမ်အတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆)/၆) အသစ်များ ပြန်လည်ပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ထုတ်ပေးမည့်အစီအစဉ်နှင့် အားပေးစကားများ ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ထုံးဖိုကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် အလျား ၂၀ ပေ၊ အနံ ၂၀ ပေရှိ အုတ်ညှပ်၊ သွပ်မိုး၊ ကျေးရွာစာကြည့်တိုက်အဆောက်အဦတစ်ထပ်အား ကြည့်ရှုစစ်ဆေး၍ သတ်မှတ်ကာလအချိန်မီပြီးစီးရေး ရှင်းလင်းမှာကြားခဲ့ပြီး ကျေးရွာစာကြည့်တိုက်ကော်မတီနာယက ဦးလှမြင့်ထံ သုတရသစာအုပ်စာစောင်များ ထောက်ပံ့လှူဒါန်းခဲ့ပြီးနောက် ကြို့ကုန်းကျေးရွာအဝင်၊ မြေသားရိစာလမ်း ရေတိုက်စားခံရမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ လမ်းအားပြန်လည်ပြုပြင်နိုင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့ပြီးနောက် ကျေးရွာပြည်သူများအား တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်