နေပြည်တော်ကောင်စီနယ်မြေ

ပုဗ္ဗသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်း အရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာလက ရာဂီမုန်တိုင်း အရှိန်ကြောင့် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး သွင်းအားစုများထည့်သွင်းခြင်းနှင့် ထိခိုက်စပါးခင်းများ ပြန်လည်ကုစားနိုင်ရန်အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းကို  ယမန်နေ့နံနက်ပိုင်းက အေးမြင့်သာယာကျေးရွာ ကွင်းအမှတ်(၁၆၂၄) တွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး ဇီးကုန်းကျေးရွာနှင့် ကျည်တောင်ကန် အမှတ် (၁) ရပ်ကွက်တို့တွင် စာကြည့်တိုက်အသစ်ဆောက်လုပ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာနှင့် ကျည်တောင်ကန် အမှတ် (၁) ရပ်ကွက်တို့တွင် စာကြည့်တိုက်အသစ် ဆောက်လုပ်မှုအခြေအနေအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် စပါးစိုက်ခင်းရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသည့် တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း စက်တင်ဘာလက ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထောက်ပံ့လှူဒါန်းသော မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေကြီးမှုကြောင့်ပျက်စီးခဲ့သည့် လမ်း/တံများအား အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့် ပျက်စီးခဲ့သည့် ကျွန်းဦးကျေးရွာအတွင်းရှိ လမ်း/တံတားအား ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုဆေးဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုးတို့သည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (ဦးကျေး)နှင့် ကျွန်းဦးကျေးရွာအတွင်းရှိ ရေဝင်ရောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေကြီးမှုကြောင့်နစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့် နစ်မြုပ်ခဲ့သည့်ကျေးရွာများသို့ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသော မိုးစပါးစိုက်ဧရိယာများအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ လှူဒါန်းသည့် မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပြည်‌ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသော မိုးစပါးစိုက်ဧရိယာများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသည့် မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသော မိုးစပါးစိုက်ဧရိယာများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသော မျိုးစပါးများ ထောက်ပံ့ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာများ ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပွားခဲ့ပြီး ကျေးရွာ ၁၁ ရွာတွင် မိုးစပါးစိုက်ဧရိယာများ ပျက်စီးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် စပါးစိုက်ခင်းရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသည့် တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း  စက်တင်ဘာလက ရာဂီမုန်တိုင်းအရှိန်ကြောင့်ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထောက်ပံ့လှူဒါန်းသော မျိုးစပါးများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ