နေပြည်တော် မေ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုရာ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ အရာထမ်း၊ အမှုထမ်းများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ရာတွင် နေပြည်တော်၊ တိုင်းကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် သူနာပြုများက နှံတိုက်ကျွေးခဲ့ကြပြီး ကာကွယ်ဆေး အာနိသင်အပြည့်ရရှိစေရန် မေ ၁၂ မှ ဇွန် ၈ ရက်နေ့အထိ စုစုပေါင်း(၃)ကြိမ် တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)