နေပြည်တော် မတ် ၁၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဥပ္ပါတသန္တိစေတီတော်ကြီးသို့သွားရောက်ပြီး မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ရင်ပြင်တော်၊ ပစ္စယာနှင့်ပရိဝုဏ်များထိခိုက်ပျက်စီးခဲ့မှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများမှ ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်ခဲ့သည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်၊ ပစ္စယာနှင့်ပရိဝုဏ်များ ထိခိုက်ပျက်စီးမှုနှင့် ပြုပြင်မွမ်းမံရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ Cement grouting အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ Soil stabilization လုပ်ရန်အတွက် Backhoe breaker ဖြင့် မူလရင်ပြင်တော်ကြမ်းခင်းအား တူးထုတ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ ထပ်မံဖြည့်ဆည်းဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင်ဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာပြုပြင်မွမ်းမံရေးလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)