နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အအုံများ ပြန်လည်တည်‌ဆောက်နိုင်ရေး၊ သောက်သုံးရေများ ဖူလုံစွာပြန်လည် ရရှိရေးအတွက် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သော အဆောက်အအုံများ ပြန်လည်ဆောက်လုပ်နိုင်ရေးအတွက် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း အဆိုပြုလျာထား‌ မြေနေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် မြေစမ်းသပ်မှု (Soil Test) များ စနစ်တကျ ဆောင်ရွက်ရေး၊ ဧရိယာနယ်နမိတ်များ သတ်သတ်မှတ်မှတ် ရှင်းလင်းဆောင်ရွက်ထားရေး၊ အကွက်ချပုံစုံများအား စနစ်ကျပြုစု ထားရှိရေးတို့ကိုမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မွန်းလွဲပိုင်းတွင် မာရဝိဇယဘုရား ကားကြီးရပ်နားရန်နေရာ ပြန်လည်ပြုပြင်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစ်ဆေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းသည် ဥတ္တရသီရိမြို့နယ် မန္တလေးလမ်းရှိ စက်စက်ယိုချောင်း ရေစီးရေလာကောင်းမွန်စေရေး ပြန်လည်တူးဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ် သီရိရတနာလမ်းနှင့် မြတ်လေးလမ်းတို့တွင် ပင်မရေပိုက်လိုင်းများနှင့် ရေဖြန့်ဝေရေးပိုက်လိုင်းများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများနှင့် လမ်းများပျက်စီးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ဆုံး ပြီးစီးအောင်ရွက်ရေး၊ စံချိန်စံညွှန်းများနှင့်အညီ ပြုပြင်တည်ဆောက်ရေး၊ ပျက်စီးသည့် လမ်းများပေါ်ရှိ အုတ်ခဲကျိုးများနှင့် ကွန်ကရစ်ကျိုးများအား အမြန်ဆုံးဖယ်ရှားရှင်းလင်း ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)