နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့်စိုက်ပျိုးခြင်း အခမ်းအနားတက်ရောက်၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးရန် မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ကာ မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေ မှုများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။