နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်း၊ နွေစပါးစိုက်ခင်းများနှင့် မိုးသီးနှံစိုက်ပျိုးထားရှိမှုများ ကွင်းဆင်းကြည့်ရှု

တပ်ကုန်း မေ ၁၇

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ MSME အသင်းမှ တာဝန် ရှိသူများနှင့်အတူ မေ ၁၆ ရက်နံနက်ပိုင်းက ကျေးရွာချင်းဆက်လမ်း၊ နွေစပါးစိုက်ခင်းများနှင့်မိုး သီးနှံစိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ မန္တလေးမြေငလျင်ဘေး ကြောင့်ပျက်စီးခဲ့သည့် မြောက်မြိုက်(ရှ)ကျေးရွာအနီး၊ မြောက်မြိုက်ချောင်းကူးရေကျော်တံတား ကျိုးပေါက်မှုအား  သဲအိတ်များဖြင့်ယာယီပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ မြောက်မြိုက်(န)ကျေး ရွာ၊ သရက်ကွင်း(ရှ)ကျေးရွာ ဘုန်းတော်ကြီးကျောင်းများသို့ရောက်ရှိ၍ ကျောင်းထိုင်ဆရာတော် များဖြစ်ကြသည့် ဘဒ္ဒန္တဉာဏဓမ္မနှင့်ဘဒ္ဒန္တသုန္ဒရဆရာတော်များအား ဖူးမျှော်ကြည့်ညိုပြီး နဝကမ္မ ဝတ္တုငွေနှင့်လှူဖွယ်ပစ္စည်းမျိုးစုံဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံစိုက်ခင်းများအတွင်း နွားချေးသဘာဝမြေဩဇာများ အသုံးပြုရေး၊ တစ်နှစ်လျှင် သုံးသီးထက် လေးသီးဖြစ်အောင် စိုက်ပျိုးနိုင်ရေး၊ ရေချိုးဆိပ်နှင့်သီးနှံများဝေဆာနေသည့် ကျေးလက်ဒေသ ခရီးသွားဖော်ဆောင်နိုင်ရေး၊ ထွက်ရှိသောသီးနှံကုန်ကြမ်းများကို ကုန်ချောအဖြစ် ပြန်လည်ထုတ် လုပ်ရောင်းချနိုင်ရေး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အတွင်းရှိ စက်မှု စိုက်ပျိုးမွေးမြူရေးကျောင်းကိုလည်း ကျောင်းအပ်တက်ရောက်သင်ကြားနိုင်ရေး၊ ကျေးရွာစိမ်း လန်းစိုပြေရေး သစ်ပင်များ ပြန်လည်စိုက်ပျိုးနိုင်ရေး၊ ပေါ်ဆန်မွှေးစပါးမျိုးများ စိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ မြို့နယ်မီးသတ်ဦးစီး ဌာနသို့ ရောက်ရှိ၍ သဘာဝဘေးအန္တရာယ်များ ပြန်လည်တုန့်ပြန်နိုင်ရေးနှင့်ကူညီကယ်ဆယ် ရေးလုပ်ငန်းများ၊ အစုအဖွဲ့များ ကြိုတင်ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ အစုအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မိုးလေဝသ သတင်းများ ကြိုတင် လေ့လာသိရှိနိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြိုတင် ကာကွယ်ရေး ပစ္စည်းများ ခင်းကျင်းထားရှိမှုအား  ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ကွင်းအမှတ် ၂၁၁၀ကွင်း၊ ဆင်းပဒေသာ(၁၁) မြေပဲစိုက်ခင်းများ၊ ကွင်းအမှတ် ၁၄၉၀ ကွင်း၊ နွေစပါးစိုက်ခင်းများ ကြည့်ရှုပြီး လိုအပ်များ သက်ဆိုင်ရာဌာနနှင့်တောင်သူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်