နေပြည်တော် မတ် ၁၅
မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ဟင်းသီးဟင်းရွက်၊ ကုန်မျိုးစုံပါဝင်သော ဈေးကားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီဝင်းအတွင်း၊ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။
အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်ခြောက်ပြည်ပါ (မနောသုခ - Export Quality) ၊ ဆန် ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း)၊ စားသုံးဆီ၊ ဆား၊ ငါးပိ၊ ငါးတံခွန်ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပြဲခြောက်များ၊ ကြက်ဥ၊ ဘဲဥများ၊ အသားငါးမျိုးစုံနှင့် ခေါက်ဆွဲခြောက်ထုပ်များကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)