ဇမ္ဗူသီရိ မေ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ အောင်စာရင်းကို ယနေ့နံနက် (၆) နာရီက စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများ ထုတ်ပြန်ထားရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်အတွင်း အစိုးရအခြေခံပညာကျောင်းနှင့် ပုဂ္ဂလိကကျောင်းများအပါအဝင် အခြေခံပညာကျောင်းပေါင်း (၃၈) ကျောင်းတို့တွင် မူလတန်းမှ Grade-11 အထိအောင်စာရင်းများကို ထုတ်ပြန်ကြေညာထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)