ဇမ္ဗူသီရိမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့က အလျင်လိုကျေးရွာတွင် ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။