ဇေယျာသီရိ ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက သာစည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေများကို လေ့လာမှတ်သားလာနိုင်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူငယ်များအနေဖြင့် စာပေ၏ တန်ဖိုး၊ မိမိစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို တန်ဖိုးထားထိန်းသိမ်းရန်နှင့် စာပေကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထွန်းလင်း(ဇေယျာမြေ)