နေပြည်တော် ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ငလျင်ဘေး၊ ရေဘေးအသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒက္ခိဏသီရိမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအောင်ရာဇာဖြိုးက ငလျင်ဘေး၊ ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ကြုံတွေ့လာရပါက ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေရန်၊ မိမိကိုယ်ကိုယ်မထိခိုက်အောင် ကာကွယ်တတ်စေရန်၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် ကာကွယ်ရမည့်နည်းလမ်းများနှင့် အန္တရာယ်ရှိအဆောက်အဦမှ ဘေးလွတ်ရာနေရာသို့ စနစ်တကျ ရှောင်တိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်ဘေးနှင့် ရေဘေးဆိုင်ရာဇာတ်တိုက်လေ့ကျင့်ခန်းများ လက်တွေ့ပြုလုပ်ခြင်းများကို ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းများနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူရဦး (ပြန်/ဆက်)