နေပြည်တော် ဇွန် ၁၆
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
ဒက္ခိဏသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၁၉)အခြေခံပညာအထက်တန်း ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရန်အောင်မြင်စသည့် စာစစ်ဌာန ၂ ခုတို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၃၆၀ ဦး စာရင်းပေးသွင်းထားပြီး ကျောင်းတွင်းနှင့် အပြင်ဖြေ ၃၅၃ ဦးဖြေဆိုကာ ၇ ဦး ပျက်ကွက်ခဲ့ပြီး ဖြေဆိုသူဦးရေ ၉၈ ဒသမ ၀၅ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများအဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)