ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

ကြံခင်း အောက်တိုဘာ  ၂၉

ဧရာဝတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာ စကားပြောကြား ရာတွင် မဲရုံလုံခြုံရေး တာဝန်ထမ်ဆောင်ကျမည့် အထူးရဲများအနေဖြင့် သင်တန်းကပို့ချခဲ့သော လုပ်ထုံးလုပ်နည်းနှင့် အညီကာကွယ် မှု များ ဆောင်ရွက်ကြရန်၊ အထူးရဲများ လိုက်နာရမည့်စည်းကမ်း ကျင့်ဝတ်များ ရွေးကောက်ပွဲ ဥပဒေများကို သိရှိလိုက်နာ ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကြံခင်းမြို့မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မင်းမှ အထူးရဲများအနေဖြင့် မဲရုံလုံခြုံရေး အထူးကြပ်မတ် ဆောင်ရွက်ရန်၊ ကြိုတင်မဲထုတ်ယူရာတွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ရဲကျင့်ဝတ်များ နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ထူးခြားဖြစ်စဉ်ရှိက တာဝန်ကျရာမဲရုံနှင့် အနီးဆုံးနယ်မြေတာဝန်ရှိသူထံ ချက်ချင်းသတင်းပို့ရန်၊ နယ်မြေလုံခြုံရေးနှင့်သက်ဆိုင်သော သတင်းစုဆောင်းခြင်း၊ တင်ပြခြင်းများကိုပူးပေါင်း ဆောင်ရွက်ရန်၊ တည်ငြိမ်အေးချမ်းသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက်သက်ဆိုင်ရာအစိုးရ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများ နှင့်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။

အခမ်းအနားသို့ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ မြို့မရဲစခန်းမှူးရဲမှူးအောင်မင်းနှင့် တာဝန်ရှိသူများတတ်ရောက် ခဲ့ကြကြောင်းနှင့်ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အထူးရဲ သင်တန်းကို အောက်တိုဘာ(၁)ရက်နေ့မှ (၂၈)ရက်နေ့ အထိသင်တန်း ဖွင့်လှစ်ပို့ချခဲ့ရာ အထူးရဲသင်တန်းသား (၉၄)ဦး တတ်ရောက်ခဲ့ကြောင်း နှင့်ကြံခင်းမြို့အတွင်း မဲရုံ(၉၄)ရုံ ရှိပြီး ပြည်သူများ ဆန္ဒမဲပေးရာတွင် လုံခြုံ စိတ်ချစွာ ပေးနိုင်ရေးအတွက် တာဝန်ကျရာမဲရုံများတွင် အသီးသီး ခန့်အပ်တာဝန်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)