ပန်းတောင်း အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်မြို့နယ် ထုံးဘိုစျေးနှင့် လူစည် ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သိန်းဦး ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စျေးရောင်းသူ၊ စျေးဝယ်သူ ပြည်သူ များနှင့် လမ်းသွား၊ လမ်းလာပြည်သူများကို နှာခေါင်းစည်း(Mask) ဝေငှပေးခဲ့ကြောင်း သိရ သည်။ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းတပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားလာခြင်းမပြုရန် စသည်တို့ကိုလည်း Hand Speaker များနှင့် ပြည်သူများ သိရှိနိုင်စေရန် အတွက် ကြေညာပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)