ထန်းတပင် (ပဲခူး) အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရီုင် ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံးမှူး ဒုတိယမဲရုံးမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ရေွးကောက်ပွဲဆိုင်ရာ သင်တန်းကို ယနေ့ နံနက် (၉ )နာရီက ထန်းတပင်မြို့ အခြေခံပညာအထက် တန်းကျောင်း ပင်လုံခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကနှင့် အဖွဲ့ဝင်များက သင်တန်း နည်းပြ (၂) ဦးဖြင့် သင်တန်းပို့ချပေးပြီး မဲရုံမှူးဒုတိယမဲရုံးမှူးများအား လုပ်ငန်းလမ်းညွှန်ချက်များအတိုင်းတာဝန် နှင့် လုပ်ပိုင်ခွင့်များ မဲပေးပုံအဆင့်ဆင့် ဆန္ဒမဲရေတွက်မှုများ ထုပ်ပိုးပုံအဆင့်ဆင့် ကျန်းမာရေးနှင့် လုံခြုံ ရေး မဲရုံတည်နေရာ အခင်းအကျင်း မဲစာရင်းစစ်ဆေးသူ မဲလက်မှတ်ထုတ်ပေးသူ မှင်တို့ပေးသူ တာဝန် ဝတ္တရာများနှင့် ပြစ်မှုပြစ်ဒဏ်အကြောင်းတို့ကို စာတွေ့ လက်တွေ့သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ ထန်းတပင်မြို့ နယ်တွင် မဲရုံပေါင်း (၉၄)ရုံ ရှိပြီး မဲရုံမှူး ဒုတိယမဲရုံမှူး (၁၈၈)ဦးတို့အား နေရာ(၃)နေရာတွင် နံနက် (၉) နာရီမှ ညနေ (၄)နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)