ဦးစီးဌာန(ရုံးချုပ်)

ရွှေဘိုခရိုင် ခင်ဦးမြို့၌ ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ရေး ညှိနှိုင်းဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ထန်းတပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ယူမည့် မဲရုံမှူး ဒုတိယမဲရုံးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရီုင် ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံးမှူး ဒုတိယမဲရုံးမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ရေွးကောက်ပွဲဆိုင်ရာ သင်တန်းကို ယနေ့ နံနက် (၉ )နာရီက ထန်းတပင်မြို့ အခြေခံပညာအထက် တန်းကျောင်း ပင်လုံခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။

ကော့သောင်းမြို့ပေါ် ရပ်ကွက်ဈေးများတွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကော့သောင်းမြို့ပေါ် ရပ်ကွက်ဈေးများအတွင်း ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများအား မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက်ပိုင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးစီမံချက်ကာလအတွင်း ရှော့တိုက်ငါးဖမ်းဆီးသည့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိ

ဧရာဝတီလင်းပိုင် မျိုးမသုဉ်းရေးအတွက် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး (၁) နှစ် စီမံချက် ဒုတိယလ၏ ပထမ (၁၅) ရက်၊ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ အမှတ် (၁) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ မန္တလေး၊ ဒေသခံဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အစုအဖွဲ့တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ ရှော့တိုက်ငါးဖမ်းဆီးသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar)မှ သိရသည်။

ညောင်တုန်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား သရုပ်ပြဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား သရုပ်ပြဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အ-ထ-က (ဆားမလောက်) ၌ ဖွင့်လှစ်ခဲ့သည်။

မိုင်းပန်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အတွင်းတွင် ယနေ့ နေ့လယ် (၁) နာရီအချိန်က မြို့နယ်အတွင်းရှိ အသက် (၉) နှစ် မှ (၁ဝ) နှစ်အထိ မိန်းကလေး (၅) ဦးကို အိတ်ချ်ပီဗီ(HPV) ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ မဖြစ်ပွါးစေရေး ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကန်ပက်လက် မြို့အဝင်ဂိတ်၌ ကိုဗစ်-၁၉ မဖြစ်ပွါးစေရေး ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန် မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ အလှူရှင်များမှ အလှူ ငွေများ၊ အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် ကူညီ ထောက်ပံရေးအဖွဲ့သို့ ပြည်တွင်း၊ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေး ရန်နှင့် လိုအပ်သည့်နေရာများတွင် သုံးစွဲနိုင်ရန်အတွက် ယမန်နေ့ နေလည်က အလှူရှင်များက နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံ ပညာကျောင်း(၂)ကျောင်းအတွက် ကွန်ပျူတာ၊ Printer နှင့် မီးစက်များ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ဝေးလံပြီး လတ်တလော လျှပ်စစ်မီးမပေးနိုင် သေးသည့် အခြေခံပညာကျောင်း(၂)ကျောင်းအတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ကွန်ပျူတာ၊ Printer နှင့် မီးစက်များကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)