မေတ္တာ ဇန်နဝါရီလ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျေးလက်ကျန်းမာ ရေးဌာန(ခွဲ)၌ မွေးကင်းစမှ အသက် (၂) နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် (၉) နာရီက ဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင်မေတ္တာ မြို့၊ ကျေးလက်ကျန်းမာရေး ဌာနခွဲမှ ကျန်းမာရေးဆရာမဒေါ်အေးမြတ်စိုးက မွေးကင်းစကလေးငယ်နှင့် အသက် (၂) နှစ်အောက် ကလေး ငယ်များ အား ဆုံဆို့နာ၊ ကြက်ညာချောင်းဆိုး ၊ မေးခိုင် ရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ အသည်း ရောင်အသားဝါ (ဘီ) စသည့် (၅) မျိုးစပ် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပိုလီယို အကြောသေ ရောဂါကာကွယ်သည့် အစက်ချ ဆေးတိုက်ကျွေးခြင်း၊ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ရန်နောင်စိုး