ကျောက်တန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ (၃) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ကျောက်တန်း  ဇန်နဝါရီ  ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်း သာသနာ့ ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ (၃) ဦး ကျန်းမာရေးကောင်းမွန်လာ၍  ယမန်နေ့ မွန်းလွဲ ပိုင်းကဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ထိုသို့ဆေးရုံဆင်းခွင့်ရရှိသူများအား ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မို့မို့ခိုင် က ကျန်းမာရေးဆိုင်ရာ အသိပညာများနှင့် မိမိတို့နေအိမ်သို့ရောက်သောအခါတွင်လည်း နေအိမ်တွင် Stay at Home  (၇) ရက်ကြာနေထိုင်ရေး စည်းကမ်းချက်များဆွေးနွေးမှာကြားပြီး ဆေးရုံဆင်း လက်မှတ် များပေးအပ်ခဲ့ ကြောင်း သိရသည်။

ထို့နောက် ဆေးရုံဆင်းခွင့်ရရှိ မ (၃) ဦး ကို  ကျောက်တန်းမြို့နယ်လုံး ဆိုင်ရာ ပရဟိတအဖွဲ့မှ တာဝန်ရှိသူ များနှင့် စေတနာ့ဝန်ထမ်းများက ၎င်းတို့၏နေရပ်များအထိ လိုက်လံပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင်  ယာယီဆေးကုသရေးစင်တာ (၁) ခု၊ စောင့်ကြည့်ရေးစခန်း (၁)ခုရှိပြီး လက်ရှိ အချိန်ထိ  ပိုးတွေ့အတည်ပြုလူနာ (၆၈၆) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၆၂၆) ဦး၊ ဆေးကုသမှုခံယူနေသူ (၄၈)ဦး ၊ စောင့်ကြည့်စခန်း စောင့်ကြည့်ခံလူနာ (၅၃) ဦး နှင့်သေဆုံးသူ ( ၁၂) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)