ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ ဇန်နဝါရီ ၈

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြုငွေဖြင့် အုံးနှောက်- မြစ်ကိုင်းနှင့် ကျင်း- အထက်ကျော်ကြားတွင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား ဂန့်ဂေါခရိုင် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင် ၊ တာဝန်ရှိသူများတို့နှင့်အတူ ဇန်နဝါရီ ၇ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် ဆောင်ရွက်မည့် အုံးနှောက်- ရေမျက်နီလမ်းပေါ်ရှိ ကွန်ကရစ်တံတား တည်ဆောက်မည့်နေရာ၊ ကျောက်စာရေး- တောင်အင်းလမ်း ဘေလီတံတား တည်ဆောက်မည့်နေရာ၊ သားလုလင်ကျေးရွာမြေသားလမ်း၊ အညာဝါးဘင်းကျေးရွာ ဘေလီတံတား ဆောမြို့နယ် ငလွန်း- ကျောက် လမ်း တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု ကာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး လုပ်ငန်းဆိုင်ရာများ မှာကြားဆွေးနွေးကြောင်း သိရ သည်။

တောင်သားမောင်သန်း