ဦးစီးဌာန(ရုံးချုပ်)

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံး ပစ္စည်းများလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ် ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ် လှူဒါန်းမှုကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ရှင်ဗွေယန်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ပေါ်(၄)ရပ်ကွက်ရှိ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ဇူလိုင်လ(၅)၊ (၆)ရက်၊ နံနက်(၉)နာရီတွင် ကျေးလက်ကျန်းမာရေးဌာန၌ ထိုးနှံတိုက် ကျွေးပေးလျက် ရှိသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ မှ မိုးစပါးလျာထားဧက (၂၉၇၄)ဧကအတွက် ပျိုးထောင်ရေများ စတင်ပေးဝေလျက်ရှိ

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အတွင်းရှိ မန်းချောင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာများတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၂၉၇၄) ဧကအတွက် စတင် ပျိုးထောင်စိုက်ပျိုးနိုင်ရန် ယမန်နေ့မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှ သိရသည်။

တနင်္သာရီတံတားထိပ်တွင် လမ်းနယ်စိမ်းလန်းစိုးပြေရေးအတွက် တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲ စုပေါင်းစိုက်ပျိုး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လမ်းဦးစီးဌာနမှ လမ်းနယ်များ တလျောက်တွင်စိမ်းလန်းစိုးပြေရေးနှင့် ဥပတိရုပ်ကောင်းမွန်စေရေးအတွက် ဇူလိုင်လ ၁ရက် နံနက်၇ နာရီအချိန်က တနင်္သာရီတံတားထိပ် အောက်ကင်းကျေးရွာဘက်ခြမ်းရှိ နဂါးရုပ်တုအနီး လမ်းနံဘေး နေရာများမှာ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲကို စုပေါင်းစိုက်ပျိုး ဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။

တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျောင်းအုပ်ဆရာ/မကြီးများ ကျောင်းများ ဖွင့်လှစ်နိုင်ရေး တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင် များနှင့်တနိုင်းမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/မကြီး‌ ကျောင်းများ ဖွင့်လှစ်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အထက(၂)ကျောင်း ပညာရတနာခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပေါင်းတည်မြို့၌ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ‌ပေါင်းတည်မြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လက်ဘက် ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ မြို့တွင်း လှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ သခွတ်ချောင်း ကျေးရွာအုပ်စု၊ ကျွန်းတဲကျေးရွာတွင် ယမန်နေ့က ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြင်ဦးလွင်မြို့ရှိ ခရိုင်အားကစားကွင်းအတွင်း၌ Quarantine Center ဖွင့်လှစ်ထားရှိ

ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် Community Base Facility Quarantine Center အား ပြင်ဦးလွင် ခရိုင်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမဆောင်များတွင် ဇွန် ၂၈ ရက်နေ့မှ စတင်ပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အမျိုးသား၊ အမျိုးသမီးသီးသန့်အဆာင်များ ဖြင့် တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

မိုးညိုမြို့နယ်တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တရားရုံးမှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ခြင်းကို မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်တရားရုံးတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲ ၂နာရီက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)