မိုင်းဖြတ် ၊ စက်တင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အလှူရှင်များနှင့် မြို့နယ်စည်ပင် သာယာရေးဌာနတို့က ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် မြို့နယ်၏ သုံးခုမြောက် ဆိုင်းဘုတ် သစ်ဖွင့်ပွဲကို ယနေ့နံနက် ၉နာရီအချိန်ခန့်က အဆိုပါမြို့ဝင်ဆိုင်းဘုတ်ရှေ့၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့ဝင်ဆိုင်ဘုတ် တည်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းရွှေ၊ ရပ်မိရပ်ဖ ဦးပီလုံခယောင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းက တည် ဆောက်ရေးကော်မတီ ဦးထွန်းရွှေထံ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်းကို လွှဲပြောင်းပေးအပ်ခဲ့သည် ။
အဆိုပါ မြို့ဝင်ဆိုင်းဘုတ်ဖြစ်မြောက်ရေးအတွက် အလှူရှင်များဖြစ်သည့် ဦးစိုင်းစွံဆိုင်း၊ ဦးလင်းဇော်ထွန်း၊ ဦးအားကို၊ ဦးစိုင်းကျောက်၊ ဦးညွှန့်ဝင်း၊ ဦးထွန်းရွှေနှင့်အလှူရှင်များက မတည်ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လုပ်ငန်းဆောင်ရွက်ရာတွင် စုစုပေါင်း ကုန်ကျငွေမှာ ၄၆သိန်းကျပ်ခန့်ဖြစ်သည်။ အဆိုပါမြို့ဝင်ဆိုင်းဘုတ်တွင် ကြိုဆိုပါ၏ စာသားကို မြန်မာ ဘာသာ၊ ရှမ်းဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ပုံဖော်ထားပြီး ရှမ်းပြည်နယ် ကိုယ်စားပြု အလံ၊ အိုးစည်၊ ခမောက်၊ လင်းကွင်း၊ ဓားလွယ် သင်္ကေတအမှတ်တံဆိပ်များပါရှိကာ အလျား ၂၀ပေ၊ အနံ ၈ပေနှင့် အမြင့် ၁၀ရှိ အမျိုးအစားဖြစ်ပြီး မိုင်းဖြတ်မြို့နယ်တွင် မြို့ဝင်ဆိုင်းဘုတ် သုံးခုမြောက်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး