လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး/ ထားဝယ်ခရိုင်/ မြို့နယ်ဝန်ထမ်းများအား ဘာသာရပ်ဆိုင်ရာရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး/ ထားဝယ်ခရိုင်/မြို့နယ် ဝန်ထမ်းများအား ဌာန၏ အက်ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်များနှင့် လက်တွေ့ လုပ်ငန်းခွင့်၌ ကျွမ်းကျင်စွာဆောင် ရွက်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာရက်တိုသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ ကြောင်း သိရသည်။