ဟိုပုံး အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ ဆေးထိုးစုရပ်(၇)ခုတွင် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါထိုးနှံရာသို့ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ စန်းလှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့တို့ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများက အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင် ထိုးနှံပေးခဲ့ကြသည်။
ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း (၄၁)ကျောင်းရှိပြီး ဆေးထိုးနှံမည့် အခြေခံပညာ အထက်တန်း ကျောင်းသား/ သူ(၄၁၈)ဦးနှင့် ဆေးထိုးနှံမည့် အခြေခံပညာအလယ်တန်းကျောင်းသား/သူ (၁၇၂၉)ဦး စုစုပေါင်း(၂၁၄၇)ဦးတို့ကို စက်တင်ဘာလ (၁၇)ရက်နေ့တွင် ဆေးထိုးစုရပ်များအဖြစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နမ့်ခုတ်ကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း၊ ကျောက္ကချားကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တန်း ကျေးရွာအုပ်စု အခြေခံပညာအထက် တန်းကျောင်း၊ မိုင်းပျဉ်းကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း၊ နောင်ဒေး ကျေးရွာအုပ်စု အခြေခံပညာမူလတန်းလွန်ကျောင်း၊ ပေါင်လင်းကျေးရွာအုပ်စု အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ဆေးထိုးစုရပ်(၇)ခုနှင့် ဆေးထိုးအဖွဲ့(၇)ဖွဲ့ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ဟိုပုံးခရိုင်