လက်ပံတန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း/အလယ်တန်း ကျောင်းသား/သူ (၄၆၈၇)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac ) ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်

လက်ပံတန်း  အောက်တိုဘာ    ၂၄

"ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော် အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ပထမအကြိမ် နိုင်ငံတစ်ဝှမ်း ထိုးနှံပေးလျက်ရှိရာ  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်ရှိ ကျောင်းသား/သူ(၄၆၈၇)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက   ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေး ပြီးဖြစ်ကြောင်း သိရသည်။ 

လက်ပံတန်းမြို့နယ်တွင်  ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အ.ထ.က ကျောင်း(၁၂) ကျောင်း၊ အ.ထ.က −ခွဲ(၈)ကျောင်း အ.လ.က(၁၀)ကျောင်း အ.လ.က−ခွဲ(၄)ကျောင်း၊ မူလွန် (၁၂) ကျောင်း၊ စုစုပေါင်း ကျောင်း (၄၆) ကျောင်းရှိ  အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ၊ အလယ်တန်း အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၄၆၈၇) ဦးအား ဆေးထိုးစုရပ်(၁၀) ခုဖြင့် ကိုဗစ်−ရောဂါ ကာကွယ်ဆေးကို အောင်မြင်စွာ ထိုးနှံပေးပြီးဖြစ်ကြောင်း  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ မှသိရသည်။

မြို့နယ် ပြန်/ဆက်