စီမံကိန်းများ သုံးသပ်ဆွေးနွေးခြင်းနှင့် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး မေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန) ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းများသုံးသပ်ဆွေးနွေးပွဲအခမ်းအနားနှင့် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းကြကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ရေးရရှိရေးလုပ်ငန်းများ၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများ၊ ကျေးလက်ကုန် ထုတ်လမ်း/ တံတားလုပ်ငန်းများကို ပြည်ထောင်စု၊ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေများဖြင့် နှစ်စဉ်လျာထား ဆောင်ရွက်ပေးလျက်ရှိရာ အားလုံးအသိဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ ထိရောက်စွာအောင်မြင်အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် ရှမ်းပြည်နယ်တစ်ခုလုံး ဒေသဖွံ့ဖြိုးတိုးတက်အောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် အထောက်အကူဖြစ်ပြီး ဝိုင်းဝန်း ကြိုးစားပေးကြရန်ပြောကြားကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)