ဦးစီးဌာန(ရုံးချုပ်)

ကျိုင်းတုံမြို့ အထက (၃)ကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၈ ရက်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပသည်။

ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ မြို့နယ်၊ ရပ်ကွက်ကျေးရွာစိုက်တိုးမြှင့်အဖွဲ့များနှင့် ဆောင်းနေကြာသီးနှံ ရာနှုန်း ပြည့်စိုက်ပျိူးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း၌ ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ မြို့နယ်၊ ရပ်ကွက်ကျေးရွာ စိုက်တိုးမြှင့်အဖွဲ့များနှင့် ဆောင်းနေကြာသီးနှံ ရာနှုန်းပြည့်စိုက်ပျိူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

တနိုင်းမြို့၌ ပြည်လုံးအေးချမ်းသုံးပါးကပ်ကျော်ဆုတောင်းပြည့် စေတီတော် ရွှေထီးတော်တင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ဒူးကောင်းရပ်ကွက်၊ ရွှေဘုန်းအောင်လံကျောင်း အတွင်း တည်ထားကိုးကွယ်အပ်သော “ပြည်လုံးချမ်းသာသုံးပါးကပ်ကျော်” ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင် မင်္ဂလာလှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူပေါင်းကျင်းပသည့်  လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူပေါင်းကျင်းပသည့်  လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁)တွင် ပြုလုပ်ခဲ့ သည်။

ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် Sweet December အခမ်းအနားပြုလုပ်

ချင်းပြည်နယ် ၊ ဟားခါးမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်  ၁၀ နာရီက Sweet December အခမ်းအနားပြုလုပ်ရာ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းနှင့် အရာထမ်း ၊ အမှုထမ်း (၁၆၁) ဦး တက်ရောက်ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးက Sweet December နှုတ်ခွန်းဆက်စကားပြောကြားသည်။

ကလေးမြို့တွင် ပြည်သူများ  ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask  Campaign ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွားပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး   Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖျာပုံမြို့ အမှတ် (၁၀)ရပ်ကွက်တွင် ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်​အမှတ် (၁၀)ရပ်ကွက်တွင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ် (၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

(၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/သူများ တက်ရောက်ကြသည်။

မိုးမိတ်မြို့တွင် (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် အခြေခံပညာကျောင်းများ၌ (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်တွင် အစေ့ထုတ်ပြောင်း စျေးကောင်းသဖြင့် တောင်သူများအဆင်ပြေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် အစေ့ထုတ်ပြောင်းများ စျေးကောင်းသဖြင့် အစေ့ထုတ်ပြောင်းသီးနှံစိုက်တောင်သူမိသားစုဝင်များ အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)