ဦးစီးဌာန(ရုံးချုပ်)

နိုင်ငံတစ်ဝန်း မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လူထုအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ

နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာ‌နေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့” ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားများကို  အောက်တိုဘာ ၇ ရက်က  ဆောင်ရွက်ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌တော်နေ့ ဥပုသ်သီလဆောက်တည်ကြသူများနှင့် ကုသိုလ်ပြုသူများဖြင့်စည်ကား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဥပုသ်သီလဆောက်တည်ကြသူများနှင့် ကုသိုလ်ပြုသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

သာပေါင်းမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ပထမအကြိမ်မဲစာရင်းများ စတင်ကပ်ထားကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများကို ပထမအကြိမ်အဖြစ် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှစတင်ကာ ကပ်ထားကြေညာပေးထားလျက်ရှိသည်။

လားရှိုးမြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းသွားလာလျက်ရှိသည့် ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး၍ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေ

လားရှိုးမြို့တွင် အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းမြောက်)နှင့် အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လားရှိုး)တို့ပူးပေါင်း၍ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းအခမ်းအနားကို ယမန်နေ့က အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး‌ရှေ့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ရောက်ရှိပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် အသိပညာပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်သယ်ယူပို့ဆောင်ရေး ဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များမှာကြားခဲ့သည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ​မြို့နယ်အဆင့်စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်နေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) တွင် ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ချဉ်ပေါင်ဖာလာခူးဆွတ်ခြင်းလုပ်ငန်းများ စတင်လုပ်ကိုင်ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်/ နှစ်တိုပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဖာလာစိုပ်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သံတောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် အများအားဖြင့် ဖာလာစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြင့် အဓိကလုပ်ကိုင်ကြပြီး ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ဒေသခံပြည်သူများသည် ဖာလာဆွတ်ခူးခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း

တနင်္သာရီတိုင်းဒေသကြီးမြေလွတ် မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၈/၂၀၂၅)ကြိမ်မြောက် နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့( ၈/၂၀၂၅ )ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့  မွန်းလွဲ ၂နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲကျင်းပသည်။

မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်း၍ တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T) လက်မှတ်ရေးထိုး

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် BBWI & MCPC Co. ,Ltd တို့အကြား ချုပ်ဆိုသည့် မြိတ်မြို့ရေပေးဝေရေး စီမံကိန်းနှင့်စပ်လျဉ်း၍ တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ်(B.O.T)လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဩဂုတ် ၁၈ ရက် မွန်းလွဲပိုင်း က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)