သဲကုန်းမြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေများကိုတောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ (၁၇) ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိပြီး ကျပ် (၉၀၂၆၀၀၀၀၀) သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။