ဦးစီးဌာန(ရုံးချုပ်)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သဘာဝမြေဩဇာ(စူပါဘိုကာရှီ) လက်တွေ့ ပြုလုပ်သုံးစွဲခြင်းနှင့် ပေါင်းလိုက် သမန်းနှိုးခြင်း တောင်သူပညာပေးပွဲကျင်းပ

စပါးခွံကိုအသုံးပြု၍ သဘာဝမြေဩဇာ (စူပါဘိုကာရှီ) လက်တွေ့ပြုလုပ် သုံးစွဲခြင်းနှင့် ပေါင်းလိုက် သမန်းနှိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မန်းစက္ကူကျေးရွာအုပ်စု၊ ရေနောက်ကျေးရွာ၌ ဒီဇင်ဘာ ၂၇ ရက်နံနက်က ပြုလုပ်သည်။

ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ ပြည့်ဝကာ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) ရှိ “ ပုံညာခန်းမ ” ၌ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ဂုဏ်ပြုပေးအပ်သော ကြက်ဥများဖြန့်ဝေခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့ မြန်မာ့စီပွားရေးဘဏ်၌ ပင်စင်ထုတ်ယူသည့်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ဂုဏ်ပြုပေးအပ်သောကြက်ဥများ ဖြန့်ဝေခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေး‌ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်းရှိ မဒိန်ကွင်း စနစ်ကျစက်မှုလယ်ယာ ဧက ၁၀၀ မိုးစပါးစံပြစိုက်ကွင်းအတွင်း ဆောင်းသီးထပ်လယ်သီးနှံအဖြစ် နေကြာနှင့် ပဲပုပ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်၊ ဝန်ထမ်းများအား ဟင်းသီးဟင်းရွက်များ ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသတွင်းစားဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော်ရရှိရေးအတွက် (၅)နှစ် စီမံကိန်းချမှတ်၍  ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ မဒိန်ကွင်းသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မင်းလှမြို့၊ မြို့မအခြေခံပညာမူလတန်းကျောင်း၌ တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ‌ ကျောင်းအခြေပြုတီဘီရောဂါစမ်းသပ်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့မအခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရေဖြူမြို့နယ်မှ ထွက်ရှိသော ကွမ်းသီး‌ခြောက်အခြမ်းများ ယခုနှစ်တွင် စံချိန်တင်ဈေးကောင်း ရရှိနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရော်ဘာနှင့် ကွမ်းသီးကို အများဆုံးစိုက်ပျိုးကြပြီး ရေဖြူမြို့နယ်မှ ထွက်ရှိသောကွမ်းသီးအစို/အခြောက်ခြမ်းများကို ရေဖြူနှင့် ထားဝယ်ရှိ ပွဲရုံရှင်များက အဓိကဝယ်ယူကြကာ ရန်ကုန်နှင့် မန္တလေးမြို့များသို တင်ပို့ရောင်းချပြီး ယခုနှစ်တွင် စံချိန်တင် ‌ဈေးကောင်းရရှိ‌နေကြောင်း သိရသည်။

ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်” ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ပေါင်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက (အမက)မြိုင်သာယာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့နယ်အတွင်းရှိ ဈေးများအား မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ပြည်သူလူထူအား မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိဈေးများအား မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးလောင်မှုများ မပေါ်ပေါက်စေရေးနှင့် မီးလောင်မှုကြောင့်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)