မြောက်ဥက္ကလာပ ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်ဝန်းအတွင်းရှိ ဘုရားစေတီပုထိုးများ သာသနိကအဆောက်အဦများ သန့်ရှင်းသပ်ရပ် ကြည်ညှိုဖွယ်ဖြစ်စေရေး ဘုရားဖူးပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရေး ဈေးဆိုင်ရောင်းချသူများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် အဆိုပါစေတီတော်အတွင်းရှိ မူလ (ဓမ္မာရုံ) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက အမှာစကားပြောကြားရာတွင် ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး၀င်းအတွင်းရှိ ဈေးဆိုင်ရောင်းချသူများအနေဖြင့် ဈေးရောင်းချရာတွင် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ရောင်းချမှုရှိစေရေး၊ စေတီတော်ကြီးအတွင်း ဈေးရောင်းချသူများက မိမိတို့၏ ဆိုင်အနီးပတ်၀န်းကျင်သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ကြရန်၊ ဈေးဆိုင်ရောင်းချသူများအနေဖြင့် သတ်မှတ်နေရာထက် ကျော်လွန်ရောင်းချမှုမရှိစေရေး၊ ဆုတောင်းပြည့်မယ်လမုစေတီတော်ဝန်းအတွင်းရှိ ဘုရားစေတီပုထိုးများ သာသနိကအဆောက်အဦများ သန့်ရှင်းသပ်ရပ် ကြည်ညှိုဖွယ်ဖြစ်စေရေး ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်ရေး စသည့်တို့ကို မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးနှင့် တာ၀န်ရှိသူများက လိုအပ်သည်များကို မှာကြားခဲ့ကြပြီး စေတီတော်ထိန်း ဂေါပကအဖွဲ့၀င်များက ဈေးဆိုင်ခန်းများ၏ အခြေအနေများအား တင်ပြခဲ့သည်။ ဆက်လက်၍ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး၀င်းအတွင်းရှိ ဈေးဆိုင်ရောင်းချသူများက ၎င်းတို့၏ အခက်အခဲများအား ဆွေးနွေးတင်ပြခဲ့ကြရာ လိုအပ်သည်များကို တာ၀န်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)