ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အကြို အထိမ်းအမှတ်လက်ကမ်းစာစောင်ဖြန့်ဝေ

ပြင်ဦးလွင် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆ခုနှစ် ‌ဇွန်လ ၂ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အကြိုအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို  ယနေ့နံနက်၁၁နာရီက ဆင်လမ်း၊ အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေသည်။

အဆိုပါလက်ကမ်းစာ‌စောင်တွင် မူးယစ်ဆေးဝါး၏အဓိပ္ပာယ်များ၊ ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးအရေအတွက်များ၊ မူးယစ်ဆေးဝါးအုပ်စုငါးမျိုး၊ “ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် အသိပညာပေးကဗျာများ၊ ဆောင်ပုဒ်များ၊ ကျောင်းသားလူငယ်များ သိရှိ လိုက်နာသင့်သည့်အချက်များ  စသည့်အကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးများကို ဝေးဝေးရှောင်ရှားနိုင်စေရန်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများက  ဖြန့်ဝေပေးခဲ့သည်။    သွေးသွေး (ခရိုင် ပြန်/ဆက်)