မင်းဘူးမြို့၌  ရက် (၁၀၀) စီမံချက်အတွင်း ကျောင်းကျန်းမာရေးစောင့်ရှောက်မှု (Primary Eye Care) ပဏာမ မျက်စိကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်

မင်းဘူး ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော (Primary Eye Care) ပဏာမမျက်စိစမ်းသပ်စစ်ဆေးမှုလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်းခွဲ မြို့မကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ မင်းဘူးမြို့ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနမှ မျက်စိအထူးကု ဆရာဝန်မကြီး ဒေါက်တာအိအိအောင်နှင့် အဖွဲ့က ရက် ၁၀၀ စီမံချက်အတွင်း ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေး စိတ်အေးချမ်းသာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် မျက်စိထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများ၊ အမြင်အာရုံအားနည်းသူများအား လိုအပ်သော ကုသမှုနည်းလမ်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မျက်စိအထူးကုဆရာဝန်မကြီး ဒေါက်တာ ဒေါ်အိအိအောင်နှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့မ) ကျောင်းမှ မူလတန်း ကျောင်းသား/ ကျောင်းသူ (၃၈၅) ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ (၂၆၄) ဦး၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၄၃) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၉၂) ဦးအား မျက်စိအမြင်အာရုံ ချို့ယွင်းမှု ရှိ/ မရှိ၊ အဝေးကြည့်မှုန်ခြင်း ရှိ/ မရှိ၊ အနီးကြည့်မှုန်ခြင်း ရှိ/ မရှိများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)