တီးတိန်မြို့၌ အထွေထွေရွေး ကောက်ပွဲ မဲရုံ (၁၂) ရုံ ဖွင့်လှစ်ထားရှိမည်
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် တီးတိန်မြို့ပေါ်၌ မဲရုံ (၁၂)ရုံ ဖွင့်လှစ်ထားရှိမည်ဖြစ်ရာ မဲရုံများပြင်ဆင်နေမှုအခြေအနေများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က နိုဝင်ဘာ ၃ ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။