ထန်တလန်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ မဲရုံများပြင်ဆင်ထားရှိမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

ထန်တလန်  နိုဝင်ဘာ  ၄

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့မှစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတာဝန်ကျရာ နယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ မဲရုံများ ပြင်ဆင်ထားရှိမှု တို့အား ကွင်းဆင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထလာမန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့သည်  မဲရုံများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိနိုင်ရေး၊ ဆန္ဒမဲပေးမည့်သူများ စိတ်ချလုံခြုံစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှုနှင့် မဲရုံအတွင်း ဆန္ဒမဲပေးရန်အခန်းများ ပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ မဲရုံမှူးနှင့် တာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းကာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျင်ငိုက်မန်(ပြန်/ဆက်)