မံစီမြို့နယ်အတွင်း မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေး

မံစီ  နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ယနေ့နံနက် ၁၁ နာရီခွဲက ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ပြည့်ဇော် ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လည်းလိုက်ပါ ခဲ့ကြကာ မံစီမြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး မဲရုံများအတွင်း လိုအပ်သည်များကို မဲရုံတွင်း တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကို ခရိုင် အုပ်ချုပ်ရေးမှူးက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်အတွင်း ရပ်ကွက်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၈)အုပ်စုအတွင်း မဲရုံ(၃၉)ရုံထားရှိ သွားမည်ဖြစ်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အခြေခံမဲဆန္ဒရှင်ဦးရေ (၄၂၅၇၅) ဦးခန့်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ရိန် (ပြန်/ဆက်)