မင်းတပ်မြို့နယ်ရှိ မဲရုံ(၁၁၆)ရုံအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြန့်ဝေပေး

မင်းတပ်  နိုဝင်ဘာ   ၄

မင်တပ်မြို့နယ်အတွင်းရှိ   မဲရုံ (၁၁၆) ရုံအတွက် ကိုဗစ်−၁၉ရောဂါ   ကာကွယ်/ ထိန်းချုပ်/ ကုသရေး အမျိုးသားအဆင့်  ဗဟိုကော်မတီမှပေးပို့လှူဒါန်းသော  ကျန်းမာရေးသုံး  အထောက်အကူပြု  ပစ္စည်းများ   ခွဲဝေထုတ်ပေးခြင်းကို  ယနေ ့နံနက် (၉)  နာရီအချိန်တွင်  မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး   အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မဲရုံများ၌  အသုံးပြုမည့်  ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး  အထောက်အကူပြုပစ္စည်းများဖြစ်သည့် KN 95 mask များကိုမဲဆန္ဒရှင်များ၏  (၈၀)ရာခိုင်နှုန်းအရ  တစ်ဦးလျှင် တစ်ခုနှုန်း၊   မဲရုံအဖွဲ့ဝင်များနှင့် Volunteerများ အတွက်တစ်ဦးလျှင်တစ်ခုနှုန်းနှင့် Pro N 95 mask ၊  Boot(လည်ရှည်ဖိနပ်)၊ Surgical Glove (လက်အိတ်)များကို မဲရုံတစ်ရုံလျှင်(၅)ခုနှုန်း စီဖြင့်ဖြန့်ဝေပေးထားကြောင်း  ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ ကျန်းမာရေးသုံးအထောက်အကူပြုပစ္စည်းများ မဲရုံများသို့ အချိန်မီရောက်ရှိရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ    ပစ္စည်းများဖြန့်ဝေရေးအဖွဲ့ (၄)ဖွဲ့ဖြင့်    ကျေးရွာများသို့ဖြန့်ဝေ   ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

လင်းလင်း (ပြန်/ဆက်)