ဝေးလံခေါင်ဖျားဒေသသတင်းများ

တီးတိန်၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်သည်။

တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ရှင်းလင်းပွဲ ဘောလခဲမြို့နယ်တွင် ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၏ နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program-NCMP) အား ဘောလခဲခရိုင်နှင့် မြို့နယ်တရားရုံးများတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တရားစီရင် ရေး မဟာဗျူဟာကီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှု အစဉ်အစီအား ရှင်းလင်းဆွေးနွေးပွဲအား ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေရပ်ပြန်ငါးဦးနှင့်ကယ်ရီလိုက်ပို့သူတစ်ဦး စောင့်ကြည့်ရက်ပြည့်၍ ပြန်ခွင့်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် အိန္ဒိယပြန်ငါးဦးနှင့်ကယ်ရီလိုက်ပို့သူတစ်ဦးကို အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းတွင် ရက်သတ္တပတ်နှစ်ပတ်ထားစောင့်ကြည့်ကာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာ ရောဂါပိုး မတွေ့ရှိ၍ ယမန်နေ့နံနက် ၁၁ နာရီက ပြန်ခွင့်ပေးပြီး မိမိနေအိမ်တွင် Stay Home တစ်ပတ်နေထိုင်ရမည်ဟု မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်ဆွီးနွာမ်က ပြောသည်။

တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် ပစ္စည်းများ လာရောက် လှူဒါန်းပေးလျက်ရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် လိုအပ်လျက်ရှိသော ပစ္စည်းများနှင့် တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် စိတ်ဓာတ်ခွန်အား၊ ကိုယ်ကာယခွန်းအားများ ပြန်လည်ဖြည့်တင်းနိုင်စေရေးအတွက် စေတနာရှင် ပြည်သူများမှ အလှူငွေနှင့်ပစ္စည်းများ လာရောက်လှူဒါန်း ပေးလျက် ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦစီးဌာနမှူးထံမှ သိရသည်။

တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်(၈)နာရီအချိန်မှစ၍ Mask Campaignကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းများနှင့် မိဘမဲ့ဂေဟာကျောင်းများ၌ ပြည်နယ်ခေတ္တဝန်ကြီးချုပ်မှ ခရစ္စမတ်လက်ဆောင်များ သွားရောက်ပေးအပ်

ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုနှင့် တာဝန်ရှိသူတို့သည် ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် အတွင်းရှိ သီလရှင်ကျောင်းများနှင့် မိဘမဲ့ ဂေဟာကျောင်းများ၌ ခရစ္စမတ် လက်ဆောင်များ သွားရောက် ပေးအပ်ခဲ့သည် ။

လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ဆေးရုံသုံးစက်ပစ္စည်းများ ပြည်ပရောက် အလှူရှင်များမှ လှူဒါန်း

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ပြည်ပရောက် အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ငွေ ၁,၀၄၅,၀၀၀ (ကျပ်ဆယ်သိန်းလေးသောင်းငါးထောင်)တန်ဖိုးရှိ 12" Pt Monitor တစ်လုံးနှင့် Suction Machine တစ်လုံးလှူဒါန်းခြင်းကို အဆိုပါတိုက်နယ်ဆေးရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြသည်။

ရိခေါ်ဒါရ်၌ ရန်ပုံငွေကျပ်သန်း (၂၄၀)ကျော်ဖြင့် စည်ပင်ရိပ်သာအဆောက်အဦး တစ်လုံး ဆောက်လုပ်မည်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်ရိပ်သာ အဆောက်အဦးတစ်လုံးကို စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၄၈.၇၂၄)ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖလမ်းခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဖလမ်းခရိုင်အဆင့် ကလေးငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲတွင် ဖလမ်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြုလုပ်သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ