တီးတိန်၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲ ပြုလုပ်

တီးတိန်      ဒီဇင်ဘာ      ၂၈

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်သည်။

အဆိုပါပြိုင်ပွဲသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အထက (၁)ကျောင်းတွင် တတိယတန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ကဗျာရွတ်ပြိုင်ပွဲတွင် (၆)ဦး၊ ပုံပြောပြိုင်ပွဲတွင် (၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ဆုရရှိသူများကို တီးတိန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်နှင့် တာဝန်ရှိသူတို့က ဆုများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)