တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ရှင်းလင်းပွဲ ဘောလခဲမြို့နယ်တွင် ကျင်းပ

ဘောလခဲ ဒီဇင်ဘာ ၂၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program-NCMP) အား ဘောလခဲခရိုင်နှင့် မြို့နယ်တရားရုံးများတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တရားစီရင်ရေး မဟာဗျူဟာကီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှု အစဉ်အစီအား ရှင်းလင်းဆွေးနွေးပွဲအား ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်တရားသူကြီး ဉီးဝင်းမြင့်စိုးက အမှာစကားပြောကြားရာတွင် ဘောလခဲခရိုင်နှင့် မြို့နယ်ရုံး များတွင် စတင်ဆောင်ရွက်သည့် မှုခင်း စီမံခန့်ခွဲမှု အစီအစဉ်တွင် တရားစီရင်ရေးနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများ၊ ဉပဒေအထောက်အကူပြု အဖွဲ့များအားလုံး သိရှိနိုင်စေရန်၊ မိမိတို့ ပါဝင်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို သိရှိနိုင်ရန်နှင့် သိရှိလိုသော အချက် အလက်များကို မေးမြန်းနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ရာဇဝတ်မှုတွင်ဖြစ်စေ၊ တရားမှုတွင်ဖြစ်စေ စစ်ဆေးစီရင်ရာတွင် စံသတ်မှတ်ကာလ အတွင်း ပြီးပြတ်စေရန် တာဝန်ရှိသူများနှင့် ပူးပေါင်း ပြီး နည်းပညာ အထောက်အကူဖြင့် စဉ်ဆက်မပြတ် ကြီးကြပ် ကွပ်ကဲရန် စီစဉ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ယခုအစီအစဉ်အား နိုင်ငံတကာ တွင် လိုက်နာ ကျင့်သုံးခဲ့သော နည်းနာများကို အခြေခံပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်လျော ညီထွေ ဖြစ်စေရန် ၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံတဝန်း ရှေ့ပြေးတရားရုံးများကို သတ်မှတ်ပြီး မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို စမ်းသပ် ကျင့်သုံး ခဲ့ပါ ကြောင်း စသည်တို့ကို ပြောကြားခဲ့ သည်။

ဆက်လက်ပြီး မြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ရာဇဝတ်မှုနှင့် တရားမမှု တရား စီရင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်မှ ထပ်ဆင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ သိရှိ လိုသည်များ ဆွေးနွေး မေးမြန်းကာ ခရိုင်တရားသူကြီက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဖိုးရယ်