ပြင်စလူ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရန်အတွက် ပြင်စလူမြို့ပေါ် ရပ်ကွက်များအတွင်း လျှပ်စစ်ဓာတ်တိုင်များ လဲလှယ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က စတင်၍ အစားထိုးလဲလှယ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ပြင်စလူမြို့တွင် ဓာတ်အားစနစ် ကောင်းမွန်စေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် (၄၀၀)ဗို့ ဓာတ်အားလိုင်းရှိ ဆွေးမြေ့သစ်သားတိုင်များနှင့် သံတိုင်များနေရာတွင် (၉) မီတာ ကွန်ကရစ်တိုင်၊ သံလက်တန်း၊ ကြွေသီးများဖြင့် အစားထိုးလဲလှယ် တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့လျှပ်စစ်မှူး ဦးအောင်မိုးဇော်ထံမှ သိရသည်။
ဇင်ဖြိုးသူ (ပြန်/ဆက်)