ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၆၀)ဦး ထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဒီဇင်ဘာ  ၂၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာ (၂၅)ရက်နေ့က (၂၁) ဦး နှင့် ယမန်နေ့၊ ညနေ()နာရီအချိန်က(၃၉) ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၆၀)ဉီး ထပ်မံဝင်ရောက် လာခဲ့ သည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၆၀)ဉီးတို့မှာ အမျိုးသား(၄၀)ဉီး၊ အမျိုးသမီး(၂၀)ဉီးတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်မှ()ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ(၂၂)ဉီး၊ဒီပဲယင်းမြို့နယ်မှ()ဉီး၊ ခမ်းပါတ်မြို့နယ်မှ()ဉီး၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ()ဉီး၊ တွန်းဇံမြို့နယ်မှ()ဉီး၊ ဖလမ်းမြို့နယ်မှ()ဉီး၊ တီးတိန်မြို့နယ်မှ ()ဉီး၊ ကချင်ပြည် နယ်၊ မိုးကောင်းမြို့နယ်မှ()ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး မြို့နယ်မှ()ဉီးနှင့် ကွမ်းလုံမြို့နယ် မှ(၁၁)ဉီးတို့ ဖြစ်သည်။

ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၆၀)ဉီးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ် မှနေရပ်ပြန် ပြည်သူ(၁၁)ဉီးအား ကွမ်းလုံမြို့နယ်မှတာဝန်ရှိသူများနှင့်ချိတ်ဆက်ပြီးQuarantine Center သို့ စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူ(၄၉)ဉီးတို့အား ချင်းရွှေဟော် မြို့၊ အမှတ်()ရပ်ကွက်၊မြို့တော်ခန်းမ၊Quarantine Center နှင့် အမှတ်()ရပ်ကွက် တို့တွင် အသွားအလာကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ  Rapid Test Kit ဖြင့်စစ်ဆေးခြင်းနှင့် ဓါတ်ခွဲနမူနာ Swab များ ရယူပြီးစစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနသို့   ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း  ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်) ချင်းရွှေဟော်