ဝေးလံခေါင်ဖျားဒေသသတင်းများ

ဝိတိုရိယတောင်ခြေ (၁၀) မိုင်စခန်း၌ DMO အဖွဲ့၏ အစီအစဉ်ဖြင့် ကိုယ်ထူကိုယ်ထ ရေသွယ်ယူမှုပြီးစီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ဝိတိုရိယတောင် (ခေါ်နူးစုမ်) တောင်ခြေ (၁၀) မိုင်စခန်း၌ ကန်ပက်လက်မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) ၏ အစီအစဉ်ဖြင့် ကိုယ်ထူကိုယ်ထ ရေသွယ်ယူမှုလုပ်ငန်းကို ဆောင်ရွက်ပြီးစီး ခဲ့ကြကြောင်း သိရပါသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဘောင်ကျေးရွာရှိ CBT လုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး (နယ်မြေခံဝန်ကြီး ဦးဖွေအားတို့ မင်းတပ်မြို့နယ် ဘောင်ကျေးရွာရှိ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် Community Base Tourism(CBT ) လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက် စစ်ဆေးခဲ့သည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသွားအလာကန့်သတ် ထားရှိသူ ၃၅ ဦးရှိ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင်လိုင်ပေါင်းလုံ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ခရီးသွားပြည်သူများအား မိမိခရီးစတင်ထွက်ခွာလာသည့်ဒေသနှင့် သွားရောက်မည့်ဒေသများကို မှတ်တမ်းရယူခြင်းများကို နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ နေရပ်ပြန်လာသူ (၃၅) ဦးတို့အား ထန်တလန်မြို့အမှတ် (၃ )ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။

တွန်းဇံမြို့၌ မီးဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၁ခုနှစ်၊ ယနေ့နံနက် ၁၁ နာရီအချိန်တွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ သင်တန်းခန်းမဆောင်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

ခိုင်ကမ်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ဗိုလ်ခိုင်ကမ်း ပန်းခြံရှေ့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ပိုင်းမှ စ၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အဦအသစ်(၃)လုံး တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်သည့် အဆောက်အဦအသစ်(၃)လုံး တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်သည့် စင်ကြိုင်-ဂူခန်ကျေးရွာချင်း ဆက်လမ်း(၈/၀)မိုင်အနက်(၁/၀)မိုင်ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် စင်ကြိုင်-ဂူခန်ကျေးရွာချင်းဆက် လမ်း(၈/၀)မိုင် အနက် (၁/၀)မိုင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းကို ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးမျိုးလွင်နှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ စိုက်ပျိုးရေးပညာရှင်အဖွဲ့က တောင်သူများကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ စိုက်ပျိုးမြေဧကပေါင်း(၄)ထောင် ကျော်တွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံစိုက်ခင်းများသို့ မူဆယ်ခရိုင်မှ စိုက်ပျိုးရေးပညာရှင် အဖွဲ့က ယမန်နေ့ နေ့လယ်(၂)နာရီအချိန်ခန့်တွင် ဝင်ရောက်လေ့လာကြည့်ရှုပြီး တောင်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်ပေးသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၅)ဦး ထပ်မံတွေ့ရှိ

ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရေးဂိတ်တွင် တီးတိန်မြို့မှ ပြန်လာသူ အမျိုးသားနှစ်ဦးနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့သူ အမျိုးသား(၃)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ