ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ သောက်သုံးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေး

ဖလမ်း  ဇန်နဝါရီ  ၁၈

ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ ဒေသခံပြည်သူများ သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်ပေး လျက်ရှိသည်။

ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ ဒေသခံပြည်သူများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် သန်း ၃၀ ဒသမ ၄၅၀ ကုန်ကျခံကာ တင်ဒါရ J&E ကုမ္ပဏီက ()မိုင်အရှည် PVC()လက်မ ပိုက်ဖြင့်ရေသွယ်ယူခြင်း၊ ဂါလံ(၅၀၀၀)ဆံ့ ရေလှောန်ကန် တည်ဆောက်ခြင်း၊ ရေဖမ်းကန်()လုံး တည်ဆောက်ခြင်းနှင့် ရေစစ်ကန်()လုံး တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းအားလုံး၏ (၂၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာနေ အိမ်ခြေ(၂၅)အိမ်မှ လူဦးရေ (၁၄၅)ဦးအတွက် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ဂျွန်