ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသွားအလာကန့်သတ် ထားရှိသူ ၃၅ ဦးရှိ

ထန်တလန်    ဇန်နရီဝါ        ၁၅

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင်လိုင်ပေါင်းလုံ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ခရီးသွားပြည်သူများအား မိမိခရီးစတင်ထွက်ခွာလာသည့်ဒေသနှင့် သွားရောက်မည့်ဒေသများကို မှတ်တမ်းရယူခြင်းများကို နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ နေရပ်ပြန်လာသူ (၃၅) ဦးတို့အား ထန်တလန်မြို့အမှတ် (၃ )ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။

 အဆိုပါ နေရပ်ပြန်လာသူ (၃၅) ဦးတို့သည် ထန်တလန်မြို့နယ်အတွင်း လမ်းလုပ်ငန်း ဆောင်ရွက်ရန် ကလေးမြို့နယ်မှ ရောက်ရှိလာသူများဖြစ်ပြီး မြန်မာနိုင်ငံသား အမျိုးသား (၂၉) ဦးနှင့်အမျိုးသမီး(၆)ဦးတို့ဖြစ်ကာ လက်ရှိအခြေအနေ၌ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)