မင်းတပ် ဇန်နဝါရီ ၁၅
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးလျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးစိုးထက်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး (နယ်မြေခံဝန်ကြီး ဦးဖွေအားတို့ မင်းတပ်မြို့နယ် ဘောင်ကျေးရွာရှိ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် Community Base Tourism(CBT ) လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက် စစ်ဆေးခဲ့သည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့်အဖွဲ့သည် မင်းတပ်မြို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ကျင်းပသည့် မင်းတပ်မြို့နယ် ဘောင်ကျေးရွာ၌ ပြည်တွင်းပြည်ပ ခရီးသွား မြှင့်တင်ရေး အနေဖြင့် ဘောင်ကျေးရွာရှိ ရိုးရာယဉ်ကျေးမှုပြခန်း၊ ရိုးရာပတ္တလားတီးခြင်း၊ ရိုးရာပါးရဲထိုးခြင်းနှင့် ရိုးရာတေးသီချင်း သီဆိုခြင်းတို့ကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးနှင့်အဖွဲ့သည် ဘောင်ကျေးရွာရှိ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံ၍ ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ မြှင့်တင်ခြင်းသည် မိမိမြို့နယ်၊ မိမိကျေးရွာအတွက် အကျိုးရှိကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းဖြင့် ဝင်ငွေများတိုးပွားကာ ဒေသခံပြည်သူလူထုအတွက် စားဝတ်နေရေး အဆင်ပြေလာမည်ဖြစ်ကြောင်း၊ ကျေးရွာဒေသ ဖွံ့ဖြိုးရေးကဏ္ဍ တိုးတက်လာမည်ဖြစ်ကြောင်း လိုအပ်သည်များကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ချင်းပြည်နယ် အစိုးရသည် အဆင်သင့် ရှိနေကြောင်း ပြောကြားသည်။
ထို့နောက် ဘောင်ကျေးရွာမှ ဒေသခံပြည်သူများက ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြကြကြောင်း သိရသည်။
ခွီရှိန်းမောင်း(မင်းတပ်)